• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ရေတပ်သင်္ဘောစုသည် ဂရိနိုင်ငံ သို့ ရောက်ရှိ

(GMT+08:00) 2017-07-24 15:19:25

ဒေသစံတော်ချိန် ဇူလိုင်လ ၂၃ရက်နေ့က တရုတ်ရေတပ်သင်္ဘောစုသည် ဂရိနိုင်ငံ ဘီရေအက်စ် ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ၄ရက်ကြာ ချစ်ကြည်ရေးခရီစဉ် စတင်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်ရေတပ်သင်္ဘောစုထဲတွင် ချောင်ချွင်းသင်္ဘော၊ ကျင်းကျိုးသင်္ဘော နှင့် ချော်ဟူ သင်္ဘောတို့ ပါဝင်ကြောင်း၊ ဂရိရေတပ်မှ တပ်မှူးတပ်သားများ၊ ဂရိနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှဝန်ထမ်းများ၊ တရုတ်ကုမ္ပဏီများမှ ဝန်ထမ်းများ၊ ပညာတော်သင်များနှင့် ဂရိရောက် တရုတ်အနွယ်ဖွားများ ၈၀၀ ကျော်တို့သည် ဆိပ်ကမ်း တွင် သင်္ဘောစုကို ကြိုဆိုခဲ့ကြကြောင်း၊ သတင်းရရှိပါသည်။

   Webradio