• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သြစတြေးလျ နိုင်ငံသည် နယ်မြေရေးရာ ဝန်ကြီးဌာန တည်ထောင်

(GMT+08:00) 2017-07-24 15:06:22

သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Malcolm Turnbullက သြစတြေးလျ အစိုးရသည် နယ်မြေရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက် ရေးကို စီမံခန့်ခွဲမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၈ရက်နေ့က ကြေညာခဲ့သည်ဟု တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

ထို့အပြင်၊ အဆက်အပြတ် တိုးပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရန် အတွက် သက်ဆိုင်ရာ ဥပဒေကို ပြင်ဆင်မည် ဖြစ်ကြောင်း၊ ယင်းသည်  လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ကျော် အတွင်း ထောက်လှမ်းရေးနှင့် နယ်မြေ လုံခြုံရေး နယ်ပယ်တွင် သြစတြေးလျ အစိုးရ၏ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲမှု ဖြစ်ကြောင်း၊ ၄င်းဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်ခြင်း၏ ရည်ရွယ်ချက်မှာ သြစတြေးလျ ထောက် လှမ်းရေး၊ လုံခြုံရေးနှင့် ဥပဒေ ကျင့်သုံးရေး စသည့် လုပ်ငန်းဌာနများ အပေါ် အထွေထွေ ကွပ်ကဲမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

နယ်မြေရေးရာ ဝန်ကြီးဌာနကို လာမည့် ၂၀၁၈ခုနှစ် ဇွန်လ မတိုင်မီတွင် ဖွဲ့စည်း တည်ထောင်ပြီးစီးမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များမှာ မဟာဗျူဟာ ချမှတ်ရန်၊ ရွှေ့ပြောင်းအခြေစိုက်နေထိုင်သူနှင့် နယ်စပ် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်မြေ လုံခြုံရေးနှင့် ဥပဒေ ကျင့်သုံးရေး လုပ်ငန်းဌာန၊ သြစသြေးလျ လုံခြုံရေး ဆိုင်ရာ ထောက်လှမ်းရေး ဌာန၊ သြစတြေးလျ ပြည်ထောင်စုရဲအဖွဲ့၊ သြစတြေးလျ နယ်စပ်တပ်ဖွဲ့နှင့် သြစတြေးလျ ရာဇဝတ် ထောက်လှမ်းရေး ကော်မတီ အပါအဝင် နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ လုပ်ငန်းဌာနများ၏ လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် အားပေး ထောက်ခံရန် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် Turnbullက သြစတြေးလျသည် တစ်နေ့တခြား လှုပ်ထွေးလာနေသည့် လုံခြုံရေး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ နယ်မြေ လုံခြုံရေးနှင့် ဥပဒေ ကျင့်သုံးရေး လုပ်ငန်းဌာများ အကြား ပိုမိုနွေးထွေးစွာ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

   Webradio