• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဖမ်းခံရသော အမေရိကန်နိုင်ငံသားကို လွှတ်ပေးရန် အီရန်ငြင်းပယ်

(GMT+08:00) 2017-07-24 10:26:13

        အီရန်မီဒီယာက ယခုလ ၂၃ ရက်နေ့ထုတ် သတင်းအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ရာ အမေရိကန်သမ္မတ ထရန့်၏ အဖမ်းခံရသော အမေရိကန် နိုင်ငံသားကို လွှတ်ပေးရန် တောင်းဆိုချက်သည် ဝင်ရောက်စွက်ဖက်မှုဖြစ်ပြီး လက်မခံနိုင်ကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားသည်။

        အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဘာရမ်-ကယ်စီမီက အီရန်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်ပြီး အီရန်ဥပဒေကို ဖောက်ဖျက်သူကို အီရန်ဥပဒေအရ စီရင်ဆုံးဖြတ်ပြီး ပြစ်ဒဏ်ပေး အရေးယူမည်ဖြစ်ကြောင်း၊ ယင်းသည် အမေရိကန်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုနှင့် ခြိမ်းခြောက်မှု ကြေညာချက်ကြောင့် ပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန် တာ့စ်နီမ် သတင်းဌာနက ရေးသားသည်။

   Webradio