• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါလက်စတိုင်းနှင့် အစ္စရေး အကြား သည်းခံစိတ်ထားရန် ကုလ ပန်ကြား

(GMT+08:00) 2017-07-23 13:07:04

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတယ်ရက်စ်က ယခုလ ၂၁ရက်နေ့က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဂျေရုဆလင်မြို့ဟောင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို ပြစ်တင် ရှုတ်ချကြောင်း၊ အချင်းပွားမှု အရှိန်မြင့် မလာအောင် ပါလက်စတိုင်းနှင့် အစ္စရေး အကြား သည်းခံစိတ်ထားရန် ပန်ကြားကြောင်း လည်းဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ယခုလ ၂၁ရက်နေ့က အစ္စရေး ရဲတပ်နှင့် ပါလက်စတိုင်းတို့သည် အရှေ့ဂျေရုဆလင် နှင့်ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသများတွင် ထိပ်တိုက်ရင်ဆိုင်မှုနှင့် အချင်းပွားမှုများ ဖြစ်ပွားရာ ပါလက်စတိုင်း နိုင်ငံသား ၃ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

 

   Webradio