• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သံတမန် ဆက်ဆံမှု ပြတ်တောက်သည့် နိုင်ငံများနှင့် ဆွေးနွေးပွဲကျင်းပလိုဟု ကာတာနိုင်ငံ ခေါင်းဆောင်ဆို

(GMT+08:00) 2017-07-23 13:06:30

ကာတာ ဒေသစံတော်ချိန် ယခုလ ၂၁ရက်နေ့ညက ကာတာ နိုင်ငံ ခေါင်းဆောင် တာမင် ဘင် ဟာမက် အာလ်-သာနီက ရုပ်မြင်သံကြား အစီအစဉ်တွင် မိန့်ခွန်းပြောကြားရာ နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှု လေးစားရေး အခြေခံပေါ်တွင် ကာတာ နိုင်ငံသည် ဆော်ဒီအရေဗျ အပါအဝင် သံတမန် ဆက်ဆံမှု ပြတ်တောက်သည့် ၄နိုင်ငံနှင့် ဆွေးနွေးပွဲ ကျင်းပလိုကြောင်း ပြောကြားသည်။

ယင်းသည် ဆော်ဒီအရေဗျ၊ ဘာရိမ်း၊ အာရပ်စော်ဘွားများ နိုင်ငံ၊ အီဂျစ် ၄နိုင်ငံ ကာတာနိုင်ငံနှင့် သံတမန် ဆက်ဆံမှု ဖြတ်တောက်ခဲ့သည့် နောက်ပိုင်းတွင် ၄င်းကိစ္စနှင့် ပတ်သက်၍ ကာတာ နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်၏ ပထမဆုံး အကြိမ် လူသိရှင်ကြား မိန့်ခွန်းပြောကြားခြင်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

   Webradio