• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ ရုက္ခဗေဒ ညီလာခံ ကျင်းပ

(GMT+08:00) 2017-07-23 13:03:55

၁၉ကြိမ်မြောက် နိုင်ငံတကာ ရုက္ခဗေဒ ညီလာခံကို ယခုလ ၂၃ရက်နေ့မှ ၂၉ရက်နေ့ အထိ တရုတ်ပြည် ရှင်ကျင့်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၂၂ရက်နေ့အထိ နိုင်ငံနှင့် ဒေသ ၁၀၉ခုမှ ကိုယ်စားလှယ် ၆၉၅၃ဦးသည် ယခုအကြိမ် ညီလာခံသို့ တက်ရောက်ရန် အတည်ပြုခဲ့ပြီး တက်ရောက်သူ ဦးရေ အများဆုံး ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ ရုက္ခဗေဒ ညီလာခံကို ဖွံ့ဖြိုးဆဲ နိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

   Webradio