• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်ပမှ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ် ဆွဲဆောင်ရန် အားပေးထောက်ခံရေး စနစ် ပီကင်းမြို့ ကျင့်သုံး

(GMT+08:00) 2017-07-23 13:02:12

မကြာခင် နှစ်များက တရုတ်ပြည် ပီကင်းမြို့သည် ပြည်ပမှ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ် ဆွဲဆောင်ရန် အတွက် သက်ဆိုင်ရာ အားပေးထောက်ခံရေး စနစ်ကို ကျင့်သုံးခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၂၀၁၆ခုနှစ် မတ်လ ၁ရက်နေ့က ပီကင်းမြို့သည် ကျုံးကွမ်းချွန်း ရပ်ကွက်တွင် အရည်အသွေး ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ် အတွက် တရုတ် မြစိမ်းရောင် ကတ်ပြား (green card) ရရှိရန် လျှောက်ထားခြင်း ဆိုင်ရာ လွယ်ကူစေရေး မူဝါဒကို စတင် စမ်းသပ်ကျင့်သုံးခဲ့ကြောင်း၊ ယခုတွင် ၄င်းမူဝါဒကို ကျုံးကွမ်းချွန်း ရပ်ကွက်အပြင်၊ အခြား ရပ်ကွက်များတွင်လည်း ကျင့်သုံးနေကြောင်း၊ ၄င်းမူဝါဒ စတင် ကျင်းသုံးချိန်မှ ယခုနှစ် မေလ လကုန်ပိုင်း အထိ နိုင်ငံခြားသား ၅၀၀ခန့်သည် မြစိမ်းရောင် ကတ်ပြား ရရှိခဲ့ကြောင်း သိရသည်။

   Webradio