• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်း ကုမ္ပဏီ မှတ်ပုံတင်ခြင်း အစီအစဉ် ဒီဂျစ်တယ် နည်းပညာဖြင့် ဆောင်ရွက်နိုင်

(GMT+08:00) 2017-07-22 12:39:27

ယခု တရုတ်ပြည် ပီကင်းမြို့တွင် ပြည်တွင်း ရင်းနှီးငွေဖြင့်ရော၊ နိုင်ငံခြားရင်းနှီး ငွေဖြင့်ပါ ကုမ္ပဏီ တည်ထောင်ရန် အတွက် သက်ဆိုင်ရာ အစီအစဉ်အားလုံးကို အပြင်ထွက် ဖို့မလိုဘဲ အိမ်တွင်းရှိ ကွန်ပြူတာဖြင့် လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပြီးစီး နိုင်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ပီကင်းမြို့သည် ၂၀၁၆ခုနှစ်က ဒီဂျစ်တယ် နည်းပညာဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း အစီအစဉ် အားလုံးကို စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ပီကင်းမြို့ စက်မှုနှင့် ကုန်သွယ်ရေး ဦးစီးဌာန မှတ်ပုံတင်ခြင်း လုပ်ငန်း ဌာန တာဝန်ရှိသူ ရွှီယိနန်က ၄င်းဒီဂျစ်တယ် ပလက်ဖောင်းတွင် ဆောင်ရွက်ရန် လုပ်ငန်း လျှောက်ထားခြင်း၊ စစ်ဆေး အတည်ပြုခြင်း၊ ဒီဂျစ်တယ် မှတ်တမ်းနှင့် ဒီဂျစ်တယ် လိုင်စင် အသုံးပြုမှု စသည့် ဝန်ဆောင်မှုများ ပါဝင်ကြောင်း၊ ထို့အပြင်၊ သက်ဆိုင်ရာ မိုဘိုင်းဖုန်း APPကို တီထွင်ထုတ်ပြန်ခဲ့ကြောင်းလည်း ပြောကြားသည်။

 

   Webradio