• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းတည်ငြိမ်မှုအတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်မည်

(GMT+08:00) 2017-07-21 09:20:34

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ လက်ရှိ အချိန်တွင် အရှေ့အလယ်ပိုင်း အခြေအနေသည် သော့ချက်ကျသည့် အချိန်ကာလ၌ တည်ရှိ နေကြောင်း၊ တရုတ်နိုင်ငံသည် လုံခြုံရေးကောင်စီ အမြဲတမ်းနိုင်ငံ အဖြစ်ဖြင့် ဒေသတွင်း နိုင်ငံများနှင့် ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဒေသတွင်း သက်ဆိုင်ရာ ဘက်အသီးသီးတို့၏ လိုအပ်ချက်အရ လိပ်ခဲတည်းလည်းသော ဒေသတွင်း အခြေအနေ လျော့ပေါ့စေရန်နှင့် ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်မှု အားဖြည့်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က ပီကင်း၌ ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ယခုလောလောဆယ်တွင် ပါလက်စတိုင်းသမ္မတ၊ တူနီးရှား နိုင်ငံခြားရေး ဝန်ကြီး၊ အာရပ်စော်ဘွားများနိုင်ငံ ပြည်ထဲရေး ဝန်ကြီးနှင့် ကာတာ နိုင်ငံခြားရေး ဝန်ကြီးတို့သည် တရုတ်ပြည်သို့ ရှေ့ဆင့်နောက်ဆက် ခရီးလှည့်လည်နေခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio