• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ကာတာ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-07-21 09:01:59

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၂၀ ရက်နေ့  ညနေပိုင်းက ပီကင်း၌ ကာတာ နိုင်ငံခြားရေး ဝန်ကြီး မူဟန်မက်နှင့် တွေ့ဆုံခဲ့သည်။ ဝမ်ယိက၊ မျက်မှောက် ကာလ၌ ဘက်အသီးသီးတို့ အနေနှင့် ကိုယ့်ကိုယ်ကို  ထိန်းချုပ်ရမည် ဖြစ်ပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းသင့်ကြောင်း ပြောကြားသည်။

ဝမ်ယိက၊ ပင်လယ်ကွေ့ဒေသ အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းထားခြင်းသည် ဒေသတွင်း နိုင်ငံများ၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီရုံသာမက နိုင်ငံတကာ မိသားစုကြီး၏ မျှော်လင့်ချက်နှင့်လည်း ကိုက်ညီပါကြောင်း ပြောကြားသည်။

မူဟန်မက်က၊ ကာတာနိုင်ငံသည် တရုတ်ပြည်၏ ရပ်တည်ချက်နှင့် တိုက်တွန်းချက်ကို လုံးဝ သဘောတူပြီး အကျပ်အတည်းကို စေ့စပ်ဆွေးနွေးသောနည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio