• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တိုင်းရင်းသား ယဉ်ကျေးမှုသင်တန်း တိုင်းရင်းသား မူလတန်းကျောင်း ဝင်လာ

(GMT+08:00) 2017-07-21 08:46:25
တရုတ်ပြည် ကွမ်ရှီးပြည်နယ် ပိုင်ရှန် မူလတန်းကျောင်းသည် နိုင်ငံတော်အဆင့် ဆင်းရဲသောခရိုင် ကျောင်ဖိန်ခရိုင်၌ တည်ရှိသည်။ ကျောင်းသူကျောင်းသား အများစု ကျွမ့် တိုင်းရင်းသားလူမျိုးစု ဖြစ်သည်။ ဒေသခံအစိုးရ၏ ဆင်းရဲမှု ပပျောက်ရေး စီမံကိန်း တစ်ခု အဖြစ် ကွမ်ရှီး ပြည်နယ် တိုင်းရင်းသားပြတိုက်သည် ပိုင်ရှန် မူလတန်းကျောင်းကို ထောက်ပံ့ကူညီပေးနေသည်။ တိုင်းရင်းသား ပြတိုက်သည် စာအုပ်များ၊ ကျောင်းသုံးပစ္စည်းများ မကြာခဏ လှူဒါန်း ပေးသည့် အပြင် ကျောင်းတွင်းမှာ တိုင်းရင်းသား ယဉ်ကျေးမှု သင်တန်းကိုလည်း အချိန်မှန် ပြုလုပ်ပေးနေသည်။ ယင်းသည် ကျောင်းသူကျောင်းသားများ၏ အနာဂတ် လုပ်ငန်းထူထောင်ရေး အတွက် အထောက်အကူ ပြုနိုင်မည်ဟု ပြတိုက် တာဝန်ရှိ ပုဂ္ဂိုလ်က ပြောသည်။
   Webradio