• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ အကြိမ် တရုတ်-အမေရိကန် ဘက်စုံ စီးပွါးရေး ဆွေးနွေးပွဲသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံ ဖန်တီး

(GMT+08:00) 2017-07-21 08:22:53

ပထမ အကြိမ် တရုတ်-အမေရိကန် ဘက်စုံ စီးပွါးရေး ဆွေးနွေးပွဲကို မကြာမီက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ ယင်းဆွေးနွေးပွဲသည် ဆန်းသစ်၊ လက်တွေ့ကျပြီး အပြုသဘော ဆောင်သော ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ နှစ်ဖက်တို့ ရရှိသော သဘောတူညီမှုများနှင့် ဆွေးနွေးပွဲ အောင်ကျိုးရလဒ်များသည် အနာဂတ် တရုတ်- အမေရိကန် ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော အခြေခံကို ဖန်တီးလိုက်ပြီ ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က ပြောကြားပါသည်။ ကျွမ်းကျင်ပညာရှင်များကလည်း၊ ယင်းဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား သဘောကွဲလွဲမှုများ စီမံ ကိုင်တွယ် ရေးအတွက် အကျိုးရှိရုံသာမက ကမ္ဘာ့ စီးပွါးရေး ဖွံ့ဖြိုးမှုအတွက်လည်း အကျိုးပြုနိုင်မည် ဖြစ်ကြောင်း ယူဆကြပါသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ နှစ်ဖက်တို့သည် တရုတ်-အမေရိကန် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ရက် ၁၀၀ တာ စီမံကိန်းနှင့် တစ်နှစ်တာ စီမံကိန်း၊ ကမ္ဘာ့စီးပွါးရေးနှင့် စီမံခန့်ခွဲရေး၊ မက္ကရို စီးပွါးရေး မူဝါဒနှင့် ငွေကြေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး ကိစ္စရပ်များကို နက်ရှိုင်းစွာ တိုင်ပင်ဆွေးနွေးပြီး သဘောတူညီမှုများ ရရှိခဲ့ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် ဆွေးနွေးပွဲတွင်၊ တရုတ်နှင့် အမေရိကန် နှစ်ဖက်တို့သည် မက္ကရို စီးပွါးရေး ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းမှုကို အားဖြည့်ရန်၊ ငွေကြေး လုပ်ငန်း ကြပ်မတ်ရေးနှင့် ငွေကြေး ဈေးကွက် ဖွံ့ဖြိုးရေး နယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရန်၊ ဂျီ-၂၀ အပါအဝင် နိုင်ငံတကာ စီးပွါးရေး စီမံခန့်ခွဲရေး ပလက်ဖေါင်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် သဘောတူကြကြောင်း သတင်းရရှိပါသည်။

   Webradio