• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်ကန် စီးပွားကုန်သွယ်မှု ဖွံ့ဖြိုးရေးကို တွန်းအားပေးလို

(GMT+08:00) 2017-07-20 10:35:02

        ယခုလ ၁၉ ရက်နေ့က ပီကင်းမြို့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ကျင်းပတော့မည့် ပထမအကြိမ် တရုတ်-အမေရိကန် ဘက်စုံ စီးပွားရေး ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပြောကြားခဲ့ရာ တရုတ်-အမေရိကန် သံတမန် အဆက်အသွယ် ထားရှိသည့် နှစ် ၄၀ အတွင်း နှစ်ဖက် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များသည် နှစ်နိုင်ငံပြည်သူပြည်သားများသာမက ဂလိုဘယ်စီးပွားရေးကိုအတွက်လည်း အကျိုးပြုခဲ့ကြောင်း၊ စီးပွားကုန်သွယ်ရေးနယ်ပယ်မှ သဘောကွဲလွဲမှုနှင့် အငြင်းပွားမှုများနှင့်ပတ်သက်ပြီး နှစ်ဖက်တို့သည် အပြန်အလှန် တန်းတူညီမျှပြီး လေးစားသော အခြေခံပေါ်တွင် ညှိနှိုင်းဆွေးနွေးပွဲဖြင့် သင့်လျော်စွာ ဖြေရှင်းနိုင်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio