• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်တာနက်သည် ကျေးလက်နေသူများ၏ ဘဝ ပြောင်းလဲစေသည်

(GMT+08:00) 2017-07-20 09:39:30

အင်တာနက်ကို အခြေခံ အဖြစ် ထားသည့် သတင်းအချက်အလက်ဖြင့် ဆင်းရဲမှု ပပျောက်ရေး ဗျူဟာသည် တရုတ်ပြည် ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်း၏ အရေးကြီး အစိတ်အပိုင်း ဖြစ်သည်။

တရုတ် စမ်ရှီးပြည်နယ် ဟူလူရွာတွင် မိသားစု ၁၆၇ စု ရှိသည့် အနက် ဆင်းရဲသော မိသားစုသည် ၆၅ စု ပါဝင်နေသည်။ မကြာမီက ရွာထဲတွင် အီလက်တရွန်နစ် ကူးသန်းရောင်းဝယ်ရေးဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယင်းဌာနသည် လယ်သမားများအတွက် အင်တာနက် ကေဘယ်ကြိုးများ တပ်ဆင်ပေးသည့်အပြင် ကုန်စည် ပို့ဆောင်ရေးကိုလည်း တာဝန်ယူ လုပ်ဆောင်ပေးသည်။ ယခု ရွာသူရွာသားများသည် အင်တာနက်ကို အားကိုးပြီး လယ်ယာထွက်ကုန်များကို အဆင်ပြေစွာ ရောင်းချနိုင်ပြီ။

ရွာသား ရိုကွေ့သည် နွားမွေးမြူရေး လုပ်ကိုင်နေပြီး ၄င်းသည် WIFI အားကိုးပြီး နွားခြံ အခြေအနေကို တိုက်ရိုက် စောင့်ကြည့်နိုင်သည့်အပြင် အင်တာနက်မှတဆင့် နွားများကိုလည်း ရောင်းချနေသည်။

   Webradio