• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမနှစ်ဝက်ပိုင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြား ခရီးသည် ဦးရေ ၁၇သန်းကျော်

(GMT+08:00) 2017-07-18 14:47:04

ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် အားကစား လုပ်ငန်း ဝန်ကြီးဌာနသည် မကြာခင်က ၂၀၁၇ခုနှစ် ပထမနှစ်ဝက်ပိုင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

၎င်းအစီရင်ခံစာတွင် ယခုနှစ် ပထမနှစ်ဝက်ပိုင်းက ထိုင်းနိုင်ငံ၌ လာရောက် ခရီးလှည့်လည်သော ခရီးသည် ဦးရေမှာ ၁၇သန်း ၃သိန်း၃သောင်းခန့် ရှိကြောင်း၊ ခရီးသွား ဝင်ငွေ ပမာဏမှာ ဘတ်ငွေ ဘီလီယံပေါင်း ၁၃၇၀ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၆ရာခိုင်နှုန်း တိုးလာကြောင်း၊ တရုတ်ပြည်သည် ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်း အတွက် အလွန်းအရေးကြီး ဖြစ်မြဲ ဖြစ်နေကြောင်း ရေးသားဖော်ပြသည်။

   Webradio