• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယားရှိ အမေရိကန် စစ်ရေး အခြေစိုက်စခန်း ရွှေ့ပြောင်းရန် ဒုက္ခ များစွာ ကြုံတွေ့

(GMT+08:00) 2017-07-17 14:24:08

တောင်ကိုးရီးယားနိုင်ငံရှိ အမေရိကန် မြေပြင်တပ်ဖွဲ့၏ အမြင့်ဆုံး ဦးစီး ကွပ်ကဲရေး ဌာန ဖြစ်သည့် အမေရိကန် ကြည်းတပ် အမှတ်-၈ တပ်မတော်စု စစ်ဦးစီးဌာနကို မကြာမီက ဆိုးလ်မြို့ ယွန်စမ်မှနေ၍ ပျုံတေ သို့ ရွှေ့ပြောင်းသွားခဲ့သည်။ အမေရိကန် စစ်ဘက်မှ ထုတ်ပြန်သော ကြေညာချက်တွင် အမေရိကန်ဒေါ်လာ ၁၀့ ၇ ဘီလီယံ ထုတ်ပေးကာ ဟမ်ဖူရက်စ် စစ်စခန်းကို တိုးချဲ့ ဆောက်လုပ်ပြီး အထက်ပါ ပျုံတေ စစ်စခန်းကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံခြားရှိ အမေရိကန်တပ်ဖွဲ့၏ အတိုင်းအတာ အကြီးမားဆုံးသော စစ်ရေး စခန်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။

တောင်ကိုးရီးယား သတင်းဌာနမှ သတင်းအရ၊ ပျုံတေ ဒေသခံများသည် ဟန်ဖူရက်စ် စစ်စခန်း တိုးချဲ့ခြင်းကို အမြဲ ဆန့်ကျင်နေကြသည်။ တောင်ကိုးရီးယား မီဒီယာများသည်လည်း တောင်ကိုးရီးယားရှိ အမေရိကန် တပ်ဖွဲ့ အဓိက အင်အားများကို ရွှေ့ပြောင်းခြင်းသည် အမေရိကန်၏ ယွန်စမ်ဒေသ၌ စစ်ရေး ဆောင်ရွက်မှု လုံးဝ အသုံးသတ်ပြီဟု ပြဆိုသည် မဟုတ်ကြောင်း၊ ယွန်စမ် စစ်ရေးစခန်း၏ နောက်ဆက်တွဲ ရှင်းလင်းရေးလုပ်ငန်းတွင် ပိုမိုများပြားသော အငြင်းအခုံများ ဖြစ်နိုင်ရန် ရှိကြောင်း ခန့်မှန်း ထားပါသည်။

   Webradio