• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီဂျစ်နှင့်ပြင်သစ်ခေါင်းဆောင်များ လစ်ဗျားပြဿနာဆွေးနွေး

(GMT+08:00) 2017-07-17 13:06:32

အီဂျစ်သမ္မတAbdel-Fattah al-Sisiသည် ယခုလ၁၆ရက်နေ့က ပြင်သစ်သမ္မတ Emmanuel Macronနှင့်ဖုန်းဆက်ပြီး နှစ်ဦးနှစ်ဖက်တို့သည် လစ်ဗျားအကျပ်အတည်း နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုနေ့တွင်ပင် အီဂျစ်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ Alaa Youssefက နိုင်ငံရေးနည်းလမ်းဖြင့် လစ်ဗျားပြဿနာကိုဖြေရှင်းရန်နှင့် လစ်ဗျားငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိစေရန်သည် ဒေသတွင်းလုံခြုံရေးအခြေအနေအတွက် အလွန်အရေးကြီး ပါကြောင်း ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio