• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျာကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ ဝါလီနီ ဥမင် လုပ်ငန်းစဉ် စတင်

(GMT+08:00) 2017-07-16 09:52:12

တရုတ် မီးရထား ကုပ္ပဏီ တာဝန်ယူ ဆောက်လုပ်နေသော အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့မှ ဘန်ဒေါင်းမြို့အထိ မြန်နှုန်းမြင့် ရထားလမ်း၏ ဝါလီနီဥမင် ဖေါက်လုပ်ရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၅ ရက်နေ့က အနောက်ဂျာဗာပြည်နယ်၌ ကျင်းပခဲ့ကြောင်း၊ ယင်းဥမင်၏ အရှည်သည် ၆၀၈ မီတာ ဖြစ်ပြီး တစ်နှစ်အတွင်း ပြီးမြောက်အောင် ဖေါက်လုပ်နိုင်မည်ဟု ခန့်မှန်းရကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဂျာကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စုစုပေါင်း ၁၄၂ ကီလိုမီတာ ရှည်လျားသည်ဟု သိရပါသည်။

   Webradio