• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ်ပြည်လုံးဆိုင်ရာ ငွေကြေးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2017-07-16 09:08:21

တရုတ်ပြည်လုံးဆိုင်ရာ ငွေရေးကြေးရေးလုပ်ငန်း အစည်းအဝေးကို ယခုလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေး၌ အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ပါတီက ငွေကြေးလုပ်ငန်းအပေါ် ဦးဆောင်သည့် အခန်းကဏ္ဍကို အားသစ် လောင်းပေးရမည် ဖြစ်ကြောင်း၊ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရန် မူကို စွဲကိုင် ရမည် ဖြစ်ကြောင်း၊ လက်တွေ့ကျ စီးပွါးရေးလုပ်ငန်းများ အတွက် ဝန်ဆောင်မှုပေးခြင်း၊ ငွေကြေး အန္တရာယ် ထိန်းချုပ် ကြိုတင်ကာကွယ်ခြင်းနှင့် ငွေကြေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ်ခြင်း အပါအဝင် လုပ်ငန်းတာဝန် သုံးရပ်ကို ဗဟိုပြုပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီးပွါးရေးနှင့် ငွေကြေးလုပ်ငန်း ကောင်းမွန်စွာ လည်ပတ်နိုင်အောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်လည်း အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio