• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ တည်ထောင်သည့် နှစ် ၅၀ ပြည့်နှင့် တရုတ်-အာဆီယံဆက်ဆံမှု နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2017-07-15 09:47:41
အာဆီယံဆိုင်ရာ တရုတ် သံတမန်အဖွဲ့နှင့် အင်ဒိုနီးရှား တက္ကသိုလ် အာဆီယံ သုတေသန ဌာနတို့ ပူးတွဲ ပြုလုပ်သော အာဆီယံ တည်ထောင်သည့် နှစ် ၅၀ ပြည့်နှင့် တရုတ်-အာဆီယံဆက်ဆံမှု နှီးနှောဖလှယ်ပွဲကို ယခုလ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ စတင် ကျင်းပခဲ့ကြောင်း၊ အာဆီယံဆိုင်ရာ တရုတ် သံအမတ်ကြီး ရွှီပုသည် ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံမှ အစိုးရ အရာရှိများ၊ ကျွမ်းကျင်ပညာရှင်များ၊ မီဒီယာ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၁၂၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
   Webradio