• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် မြောက်ကိုးရီးယားနှင့် ကူးသန်းရောင်းဝယ်မှုရှိသည့် တရုတ်ကုမ္ပဏီများအား အရေးယူနိုင် အကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောဆို

(GMT+08:00) 2017-07-15 09:16:15

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာကို ဖြေရှင်းရန် သက်ဆိုင်ရာ ဘက်အသီးသီးတို့၏ ညှိနှိုင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာတို့သည် ကိုးရီးယားကျွန်းဆွယ် ပြဿနာကို တိုင်ပင်ဆွေးနွေးမှုဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ မြစ်ကူးပြီး၍ တတားကို ဖျက်သလို မလုပ်ဆောင်သင့်ကြောင်း၊ တရုတ် နိုင်ငံ လိုက်နာ ကျင့်သုံးသည်မှာ နိုင်ငံ တစ်ခုခု၏ ပြည်ထဲရေးဥပဒေ မဟုတ်ဘဲ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ၁၄ ရက်နေ့က ပီကင်း ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

အမေရိကန် အရာရှိက၊ ထရန့်အစိုးရသည် လာမည့် သီတင်းပတ် ၃၊၄ ပတ်အတွင်း တရုတ်ပြည် အသေးစားဘဏ်နှင့် မြောက်ကိုးရီးယားနှင့် ကူးသန်းရောင်းဝယ်မှုရှိသည့် ကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုသစ် ပြုလုပ်နိုင်မည်ဟု ပြောခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio