• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌထံ မြန်မာ မွေးရာပါ နှလုံးရောဂါသည် မိန်းကလေး စာရေးသားပေးပို့

(GMT+08:00) 2017-07-14 18:27:00

အသက် ၁၁နှစ်ရှိ မွေးရာပါ နှလုံးရောဂါသည် မြန်မာ မိန်းကလေး ဝတ်ရည်ထွန်းသည် မကြာခင်က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ထံသို့ စာတစ်စောင် ရေးသားပေးပို့ ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဝတ်ရည်ထွန်းက ၄င်းစာတွင် တရုတ် ပရဟိတ ဌာနချုပ်မှ အန်ကယ်၊ အန်တီများကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ် ဆရာဝန်များကို ကျေးဇူးတင်ရှိကြောင်း၊ ၄င်းတို့ကဟ ကျွန်မ အသက်ကို ကယ်တင်ခဲ့ကြောင်း ရေးသားဖော်ပြသည်။

ဝတ်ရည်ထွန်းသည် မြန်မာ နိုင်ငံမှ အခြား မွေးရာပါ နှလုံးရောဂါသည် ကလေး ၁၁ယောက်နှင့်အတူ ယခုနှစ် ဧပြီလ ၁၇ရက်နေ့က တရုတ်ပြည် ပီကင်းမြို့ရှိ အန်ကျင်း ဆေးရုံးတွင် အခမဲ့ ခွဲစိတ်ကုသမှု ခံယူပြီး ယခု ပြန်လည်ကျန်းမာလာကာ မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

   Webradio