• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားကို တရုတ် ဘတ်စကားများ ထောက်ပံ့ပေးခြင်း အခမ်းအနား ကျင်းပ

(GMT+08:00) 2017-07-14 18:24:48

ကမ္ဘောဒီးယားအား တရုတ် အစိုးရမှ ဘတ်စကား အစီး ၁၀၀ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယခုလ ၁၃ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့တော်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ကမ္ဘောဒီးယား နိုင်ငံ ဆိုင်ရာ တရုတ် ယာယီ သံအမတ်ကြီး ထန်ချင်ရှင်း၊ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့တော်ဝန် Khuong Srengတို့သည် အခမ်းအနားသို့ တက်ရောက်ပြီး အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထန်ချင်ရှင်းက ယခုအကြိမ် ဘတ်စကားများ ထောက်ပံ့ပေးခြင်းသည် တရုတ်နှင့် ကမ္ဘောဒီးယား အကြား ပြည်သူတို့၏ စားဝတ်နေရေး နယ်ပယ်တွင် အောင်မြင်မှုသစ် နောက်တစ်ခု ဖြစ်ကြောင်း၊ တရုတ် အစိုးရသည် ကမ္ဘောဒီးယား အရှိန်မြှင့်  ဖွံ့ဖြိုးတိုးတက်ရန် တလျှောက်လုံး အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio