• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ်ပြည်ကြည့်ကြစို့-နိုင်ငံခြားလူငယ် ရုပ်ရှင်ကားရိုက်ကူးရေး အစီအစဉ်" အတွင်း မွန်ဂိုးလီးယား ခရီးစဉ် လှုပ်ရှားမှု ကျင်းပပြီးစီး

(GMT+08:00) 2017-07-12 14:23:55

 

ယခုလ ၁၁ရက်နေ့ ညနေပိုင်းက တရုတ်ပြည် ပီကင်း ဆရာ အတတ်သင် တက္ကသိုလ် တရုတ် ယဉ်ကျေးမှု နိုင်ငံတကာ ပြန့်ပွားစေရေး ကောလိပ်မှ ဦးစီးမှုဖြင့် တရုတ် နိုင်ငံတကာ အသံလွှင့်ဌာန(စီအာအိုင်) အရှေ့တောင်အာရှ မီဒီယာ စင်တာနှင့် Ordosမြို့ မီဒီယာသစ် စင်တာတို့ ပူးတွဲ ကျင်းပသည့် ၂၀၁၇ခုနှစ် "တရုတ်ပြည်ကြည့်ကြစို့-နိုင်ငံခြားလူငယ် ရုပ်ရှင်ကားရိုက်ကူးရေး အစီအစဉ်" အတွင်း မွန်ဂိုးလီးယား ခရီးစဉ် လှုပ်ရှားမှု၏ ပြသခြင်း အခမ်းအနားကို Ordosမြို့ ကန်ဘာရှ် ရပ်ကွက်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

 

ယခုအကြိမ် ၁၀ရက်ကြာ လှုပ်ရှားမှုတွင် မြန်မာ၊ မလေးရှား၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရုပ်ရှင် အနုပညာရှင် ၅ဦးတို့သည် မွန်ဂိုလူမျိုး၏ ရိုးရာ အဝတ်အစား၊ ရိုးရာ ပန်းချီပညာ၊ ရှေးဟောင် တေးဂတီ စသည့် ဆောင်ပုဒ်နှင့် ပတ်သက်၍ မှတ်တမ်းတင် ဗီဒီယိုကားတို ၅ခုကို ရိုက်ကူးထုတ်လုပ်ခဲ့ကြောင်း သိရသည်။ 

 

 

   Webradio