• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော် အာရှဖိုရမ် ဘန်ကောက် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-07-12 09:31:05

"အာရှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၊ စိန်ခေါ်မှုသစ်နှင့် အတွေးအခေါ်သစ်"ကို ဆောင်ပုဒ်အဖြစ် ထားသော ပိုအော်အာရှဖိုရမ် ဘန်ကောက်အစည်းအဝေးကို ယခုလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင် ကျင်းပခဲ့သည်။ ယခုအကြိမ် အစည်းအဝေး၏ ရည်ရွယ်ချက်သည် အာရှ စီးပွါးရေး တပြေးညီ ဖြစ်စဉ်ကို တွန်းအား ပေးဖို့ အတွက် ဒေသတွင်း စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွါးရေး ဖွံ့ဖြိုးမှု တွန်းအား ပေးရေးဆိုင်ရာ နည်းလမ်းသစ်များကို ရှာကြံရန် ဖြစ်ပါသည်။ ပိုအော် အာရှဖိုရမ် ကောင်စီ ဒုဥက္ကဋ္ဌ ကျင်ဖေယန်သည် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားသည်။ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ စသည့် နိုင်ငံနှင့် ဒေသ ၁၃ ခုမှ ကိုယ်စားလှယ် ၄၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

ယင်းသည် ပိုအော်အာရှဖိုရမ်ကို ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ၌ ကျင်းပခြင်း ဖြစ်သည်။ ယခုအကြိမ် အစည်းအဝေးတွင်၊ "အာရှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်ရေး"၊ "အခြေခံ အဆောက်အဦနှင့် ကုန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး"၊ "၁၀+၁ ကုန်သွယ်မှု၊ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး" ဖိုရမ်အစည်းအဝေး သုံးခုနှင့် တရုတ်-ထိုင်း လုပ်ငန်းရှင်များ ကူးလူးဖလှယ်ပွဲများကို ကျင်းပမည်ဟု သတင်းရရှိပါသည်။

   Webradio