• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၄ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် Belt and Road သီးခြား ပြခန်း ပထမဆုံး အကြိမ် ထားရှိ

(GMT+08:00) 2017-07-11 14:39:24

၁၄ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၁၂ရက်နေ့မှ ၁၅ရက်နေ့အထိ တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ယခုလ ၁၀ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး သတင်းစာ ရှင်းလင်းပွဲမှ သတင်းရရှိသည်။

ဘရူနိုင်းနိုင်ငံသည် ယခုအကြိမ် ကုန်စည်ပြပွဲတွင် အဓိက ခင်းကျင်းပြသမည့် နိုင်ငံ ဖြစ်ကြောင်း၊ ထို့အပြင်၊ ကုန်စည်ပြပွဲတွင် Belt and Road ဆိုင်ရာ သီးခြား ပြခန်းကို ပထမဆုံး အကြိမ် အဖြစ် ထားရှိပြီး Belt and Road တလျှောက်က နိုင်ငံများမှ ကုမ္ပဏီများ ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio