• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ စက်တင်ဘာလတွင် ကျင်းပမည်

(GMT+08:00) 2017-07-11 09:08:35

တရုတ်နှင့် အာဆီယံ နိုင်ငံများ ပူးတွဲ ဦးစီးပြုလုပ်သော ၁၄ ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်မြို့၌ ကျင်းပမည် ဖြစ်ပြီး တချိန်တည်းတွင် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပမည် ဖြစ်ကြောင်း၊ ယခုလ ၁၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချန်ခေ့မင်က၊ နောင်တွင် အာဆီယံ နိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းမှုကို အားဖြည့်မည်ဟု ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံသည် အာဆီယံ၏ ပထမ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပြီး အာဆီယံသည် တရုတ်နိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်၊ စတုတ္ထ အကြီးဆုံး ပို့ကန်ုဈေးကွက်နှင့် ဒုတိယ အကြီးဆုံး သွင်းကုန်ဈေးကွက် ဖြစ်ကြောင်း၊ အစိုးရဘက်မှ စာရင်းအရ ယခုနှစ် ပထမ ၅ လ အတွင်း တရုတ်နှင့် အာဆီယံ နှစ်ဖက် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၅့ ၆၆ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၆့  ၂ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းရရှိပါသည်။

တချိန်တည်းတွင် ကျင်းပမည့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင်၊ အဓိကမိတ်ဆက်ပေးသည့်နိုင်ငံမှ ခေါင်းဆောင်များနှင့် တရုတ် လုပ်ငန်းရှင်များ စားပွဲဝိုင်း ဆွေးနွေးပွဲ၊ တရုတ်-အာဆီယံ ကုန်သွယ်ရေး ခေါင်းဆောင်များ ဖိုရမ်နှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုဆိုင်ရာ ဥပဒေ ပူးပေါင်းဆောင်ရွက်ရေး နှီးနှောဖလှယ်ပွဲတို့ကို ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio