• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ရုရှား၊ ဂျာမဏီ၊ ဂျီ-၂၀ ခရီးစဉ် ဝမ်ယိ ပြောဆို

(GMT+08:00) 2017-07-10 09:55:43

ယခုလ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရုရှားနှင့် ဂျာမဏီနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ပြီး ဟန်ဘာဂ်မြို့၌ ကျင်းပသော ၁၂ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့လည်း တက်ရောက်ခဲ့သည်။ ၆ ရက် အတွင်း ရှီကျင့်ဖိန်သည် နှစ်နိုင်ငံချင်းနှင့် နိုင်ငံစုံ လှုပ်ရှားမှု အကြိမ် ၄၀ ကျော်ကို တက်ရောက်ပြီး၊ နိုင်ငံ များစွာမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်ငန်း ပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေး အမြင်ချင်း ကူးလူးဖလှယ်ခဲ့ကြပါသည်။  

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ရုရှားခရီးစဉ်တွင် တရုတ်- ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှုကို အဆင့်မြှင့်တင်ခဲ့ကြောင်း၊ ဂျာမဏီ ခရီးစဉ်အတွင်း တရုတ်-ဂျာမဏီ ဆက်ဆံမှုနှင့် တရုတ်-ဥရောပ ဆက်ဆံမှုကို တွန်းအားပေးခဲ့ကြောင်း၊ ဂျီ-၂၀ ထိပ်သီး အစည်းအဝေး တက်ရောက်ခြင်းသည် ကမ္ဘာ့စီးပွါးရေး စီမံခန့်ခွဲရေး စွမ်းရည်သစ်များကို ဖေါ်ထုတ်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ အခြေအနေ တည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွါးရေး နာလန်ပြန်ထူရေးအတွက် အကျိုးပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio