• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ခရီးသွား မိတ်ဆက်ပွဲ ဘန်ကောက်တွင် ကျင်းပ

(GMT+08:00) 2017-07-07 14:59:14

"ခန့်မှန်းသည်ထက် ပိုမိုသာယာသည့် တရုတ်ပြည်" ခရီးသွား မိတ်ဆက်ပွဲကို ယခုလ ၆ရက်နေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရမှ သက်ဆိုင်ရာ လုပ်ငန်းဌာနများ၊ ခရီးသွားလုပ်ငန်းမှ ပုဂ္ဂိုလ် ၂၀၀ခန့်သည် ၄င်းမိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

တရုတ် ခရီးသွား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ကျန်းရှီးလုံက Belt and Road တည်ဆောက်ရေးကို တွန်းအားပေးသည်နှင့် အမျှ ခရီးသွား လုပ်ငန်းသည် တရုတ်ပြည်နှင့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံ အသီးသီးတို့ အကြား နှစ်ဖက် ကူးလူးဖလှယ်မှုနှင့် ဘက်ပေါင်းစုံ ကူးလူး ဖလှယ်မှု ပြုလုပ်ရေး အတွက် ခိုင်မာသော ပူးပေါင်းဆောင်ရွက်ရေး အခြေခံ အုတ်မြစ် ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio