• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုရှိ တရုတ် ကုန်သည်များ အသင်းချုပ်ကို တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ် ခရီးလှည့်လည်

(GMT+08:00) 2017-07-07 14:58:39

တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ် ယန်ရှုဖိန်သည် ယခုလ ၆ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ တရုတ် ကုန်သည်များ အသင်းချုပ်သို့ သွားရောက် လှည့်လည်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ယန်ရှုဖိန်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး "တရုတ် မီဒီယာများ၏ အာဆီယံ ခရီး"ဟူသော လှုပ်ရှားမှုကို ဆောင်ရွက်နေကြောင်း၊ ၄င်းက တရုတ်နှင့် အာဆီယံ နိုင်ငံများ အတွက် ဝန်ဆောင်မှု ပေးသည့် အစိုးရချင်း နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည့် အနေနှင့် တရုတ်-အာဆီယံ စင်တာ တည်ထောင်ခဲ့သည့် ၆နှစ်ခန့် အတွင်း လက်တွေ့ကျသော ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် အတွက် ကြိုးပမ်းဆောင်ရွက် နေကြောင်း ပြောကြားသည်။

   Webradio