• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျီ-၂၀ ဟန်ဘာဂ် ထိပ်သီး အစည်းအဝေး ၇ ရက်နေ့ စတင် ကျင်းပ

(GMT+08:00) 2017-07-07 09:50:28

၁၂ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ယခုလ ၇ ရက်နေ့မှ ၈ ရက်နေ့ အထိ ဂျာမဏီနိုင်ငံ ဟန်ဘာဂ်မြို့၌ ကျင်းပမည်။

ကမ္ဘာ့စီးပွါးရေး အပြုသဘောဆောင်သော လက္ခဏာများ ပေါ်လာနေသော်လည်း အန္တရာယ်များ ရှိမြဲ ရှိနေသေးသည့် ခုလို အချိန်အခါ၌၊ ဟန်ဘာဂ် ထိပ်သီး အစည်းအဝေးတွင် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှု စသည့် စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းရေးနယ်ပယ်တွင် ပိုမို များပြားသော သဘောတူညီမှုများကို ရှာကြံမည် ဖြစ်ကြောင်း၊ ပိုမို ညီမျှသော၊ ဘက်အသီးသီးတို့ အကျိုး စီးပွါး မျှဝေခံစားနိုင်သော၊ သက်ညှာထောက်ထားမှု ပါရှိသော ဆက်တိုက် ဖွံ့ဖြိုး တိုးတက်ရေးကို ရှာကြံမည် ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ယူဆကြပါသည်။

ဂျာမဏီ နိုင်ငံသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ၂၀၁၇ ခုနှစ် ဂျီ-၂၀ သဘာပတိ နိုင်ငံ အဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ အမြုတေကျ ရည်မှန်းချက် သုံးရပ်ကို ရေးဆွဲ ချမှတ်ထားကြောင်း၊ ယင်းတို့မှာ တည်ငြိမ်မှုကို အာမခံပေးရန်၊ အနာဂတ် လုပ်ငန်း ဆောင်ရွက်နိုင်စွမ်းကို တိုးမြှင့်ရန်နှင့် တာဝန် ဝတ္တရားများကို ထမ်းဆောင်ရန်တို့ ဖြစ်ကြောင်း သိရပါသည်။

တရုတ်နိုင်တော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုအကြိမ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု သိရပါသည်။

   Webradio