• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ နိုင်ငံများတွင် တရုတ် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ရေး အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဆင့် တိုးမြှင့်ရန်လို

(GMT+08:00) 2017-07-06 14:31:59

တရုတ်-အာဆီယံ ကုန်သွယ်ရေး ကောင်စီ အမှုဆောင် ဥက္ကဋ္ဌ ရွှီနင်နင်က မကြာခင်က ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်တွင် သတင်းထောက်နှင့် တွေ့ဆုံရာ တရုတ် ကုမ္ပဏီများသည် Belt and Road တည်ဆောက်ရေး အခွင့်ကောင်းကို ယူပြီး အာဆီယံ နိုင်ငံများတွင် ဝင်ရောက်လုပ်ကိုင်ရန် အတွက် သက်ညှာထောက်ထားမှု ရှိသော ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသခံ ဝိသေသ ထူးခြားချက်နှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေသည့် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်၃ခုမှ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အဆင့် တိုးမြှင့်ရန် လိုကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ရွှီနင်နင်က ပထမအချက်က ဖွံ့ဖြိုးတိုးတက်ရေး၏ သက်ညှာထောက်ထားမှုကို တိုးပွား စေပြီး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရန် လိုကြောင်း၊ တရုတ် ကုမ္ပဏီများသည် ဒေသခံ ကုန်သည်များအသင်းများ၊ ကုမ္ပဏီများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး အတူ ဖွံ့ဖြိုးတိုးတက်ရေးကို ရှာကြံရန် လိုကြောင်း၊ ဒုတိယ အချက်ကတော့ အာဆီယံ နိုင်ငံများ၏ ဒေသခံ ဝိသေသ ထူးခြားချက်များနှင့် ကိုက်ညီအောင် လုပ်ကိုင်ဆောင်ရွက်ရန် လိုကြောင်း၊ အာဆီယံ ဈေးကွက်တွင် ဝင်ရောက်ပြီး သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများနှင့် ဆက်ဆံမှု ကောင်းမွန်စွာ ထားရှိရန် လိုအပ်သည့် အပြင်၊ ဒေသခံ ပြည်သူများ၊ မီဒီယာများ၊ အလုပ်သမား သမဂ္ဂများနှင့် သက်ဆိုင်ရာ လုပ်ငန်း အသင်းများနှင့် ဆက်ဆံမှု ကောင်းမွန်စွာ ထားရှိရန်လည်း လိုကြောင်း၊ တတိယ အချက်က အပြန်အလှန် အကျိုးရှိစေသည့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားရန် လိုကြောင်း၊ တရုတ် ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများမှ ဒေသခံ ပြည်သူများက အကျိုးရရှိစေနိုင်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ထို့အပြင်၊ ဒေသခံ ပညာရေး၊ ဆင်းရဲမှု လျှော့ပေါ့ရေးနှင့် ဆေးဝါးကုသရေး နယ်ပယ်များ အတွက် ကူညီပံ့ပိုးမှု ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းလည်း ပြောကြားသည်။

 

   Webradio