• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဂျာမဏီ ခေါင်းဆောင်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-07-06 09:26:47

ဂျာမဏီ နိုင်ငံ၌ ခရီးလှည့်လည်နေသော တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၅ ရက်နေ့က ဘာလင်းမြို့၌ ဂျာမဏီ သမ္မတ စတိုင်မေယာ၊ ဝန်ကြီးချုပ် မာကယ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဂျာမဏီ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်၊ ရှီကျင့်ဖိန်က၊ ယခုနှစ်သည် တရုတ်- ဂျာမဏီ သံတမန်ရေး ထားရှိခဲ့သည့် ၄၅ ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဂျာမဏီနိုင်ငံနှင့် လက်တွဲ ကြိုးပမ်းပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တဆင့်တိုး တိုးတက်လာအောင် တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ နှစ်ဖက်တို့သည် တံခါးဖွင့်ရေး၊ ဆန်းသစ်တီထွင်ရေး၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို စွဲကိုင်မည် ဖြစ်ကြောင်း၊ စီးပွါး ကုန်သွယ်ရေး၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များကို တိုးချဲ့မည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဥပဒေ ကျင့်သုံးရေး စသည့် နိုင်ငံရေးနှင့် လုံခြုံရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မာကယ်က၊ ဂျာမဏီ-တရုတ် ဆက်ဆံမှု အရှိန်ကောင်းမွန်စွာဖြင့် တိုးတက် လာနေကြောင်း၊ ဂျာမဏီ အစိုးရသည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူဝါဒကို ရာနှုန်းပြည့် စွဲကိုင်ပါကြောင်း၊ Belt and Road မူဘောင်အတွင်း တရုတ်ပြည်နှင့် စီးပွါးကုန်သွယ်ရေး ပူးပေါင်ဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

   Webradio