• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင်ဖိန်နှင့် မာကယ် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-07-05 13:25:05

        ဒေသစံတော်ချိန် ၄ ရက်နေ့ညက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ဘာလင်းမြို့၌ ဂျာမဏီဝန်ကြီးချုပ် မာကယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဥက္ကဋ္ဌရှီကျင့်ဖိန်က ဟန်ကျိုးမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် တရုတ်-ဂျာမဏီဆက်ဆံမှုသည် အပြုသဘောဆောင်သော တိုးတက်မှု များစွာ ရရှိခဲ့ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ဖြင့် တရုတ်-ဂျာမဏီ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို တိုးမြင့်ရန် မျှော်လင့်ကြောင်း၊ တရုတ်ပြည်ဘက်သည် ဂျာမဏီ လုပ်ငန်းကုမ္ပဏီများ Belt an Road ထူထောင်ရေးတွင် ပါဝင်ဆောင်ရွက်ရန် ကြိုဆိုကြောင်း ပြောကြားသည်။

        ဝန်ကြီးချုပ် မာကယ်က ဂျာမဏီပြည်ဘက်သည် တရုတ်ပြည်၏ နိုင်ငံတကာရေးရာများတွင် အရေးကြီးသော အခန်းကဏ္ဍကို အလေးထားကြောင်း ပြောကြားသည်။

   Webradio