• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်ရုရှားသည် ကိုးရီးယားကျွန်းဆွယ် ပြဿနာဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်

(GMT+08:00) 2017-07-05 08:53:14

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဖှ်ရော့ဖှ် တို့သည် ယခုလ ၄ ရက်နေ့က မော်စကိုမြို့၌ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကိုးရီးယားကျွန်းဆွယ် ပြဿနာဆိုင်ရာ ပူးတွဲ ကြေညာချက်ကို လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းကြေညာချက်တွင်၊ ယခုလ ၄ ရက်နေ့က မြောက်ကိုးရီးယားသည် တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်ခဲ့သည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်ကို ဖေါက်ဖျက်သည်ဟု တရုတ်နှင့် ရုရှားတို့က ယူဆပြီး ယင်းကို လက်ခံနိုင်မည် မဟုတ်ကြောင်း၊ မြောက်ကိုးရီးယား အနေနှင့် လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို တင်းကျပ်စွာ လိုက်နာရန် တိုက်တွန်း လှုံ့ဆော်ကြောင်း ဖေါ်ပြထားပါသည်။

   Webradio