• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၉ကြိမ်မြောက် အာဖရိကသမဂ္ဂထိပ်သီးများအစည်းအဝေး ကျင်းပ

(GMT+08:00) 2017-07-04 12:13:11

     ၂၉ ကြိမ်မြောက် အာဖရိက သမဂ္ဂထိပ်သီးများအစည်းအဝေးကို ယခုလ ၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံ အာဒီစ်-အာဘာဘာမြို့တော်၌ တည်ရှိသော အာဖရိကသမဂ္ဂ ဌာနချုပ် တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ယခုအကြိမ်ထိပ်သီးများအစည်းအဝေး၏ဆောင်ပုဒ်မှာ လူငယ်များအပေါ် ရင်းနှီး မြှုပ်နှံခြင်းဖြင့် လူဦးရေဆိုင်ရာ အားသာချက်များကို အသုံးပြုရေးဟူ၍ဖြစ်ကြောင်း၊ ၂ ရက် ကြာအစည်းအဝေးတွင်၊ နိုင်ငံအသီးသီးမှ ထိပ်သီးခေါင်းဆောင်များသည်၊ အာဖရိကသမဂ္ဂ ပြုပြင်ပြောင်းလဲရေး၊ အာဖရိကကုန်းတွင်းပိုင်း လွတ်လပ်သော ကုန်သွယ်ရေးဇုံ တည်ဆောက်ရေး၊ ငြိမ်းချမ်ရေးနှင့် လုံခြုံရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်ပင် ဆွေးနွေးမည်ဖြစ်ကြောင်းသတင်းအရသိရသည်။

   Webradio