• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာ အပေါ် တောင်ကိုးရီးယားနှင့် အမေရိကန် သဘောကွဲလွဲမှုရှိ

(GMT+08:00) 2017-07-03 15:08:38

အမေရိကန် သမ္မတ ထရမ့်သည် ဇွန်လ ၃၀ရက်နေ့က အိမ်ဖြူတော်တွင် အလည် အပတ်ရောက်ရှိနေသော တောင်ကိုးရီးယား သမ္မတ Moon Jae-inနှင့် တွေ့ဆုံဆွေးနွေးရာ လုံခြုံရေးနှင့် ကုန်သွယ်ရေး စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

နှစ်ဖက်တို့မှ လူသိရှင်ကြား ပြောကြားချက်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံတို့သည် ကိုးရီးယား ကျွန်းဆွယ်နျူကလီးယား ပြဿနာနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်မည်ဟု သိရကြောင်း၊ သို့သော် နှစ်နိုင်ငံတို့သည် စစ်ရေးစရိတ် အသီးသီး ကျခံစေခြင်း၊ နှစ်ဖက် ကုန်သွယ်ရေး ပြဿနာများ အပေါ် သဘောကွဲလွဲမှု ရှိကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ထရမ့်က အမေရိကန်သည် သံတမန်ရေး၊ လုံခြုံရေးနှင့် စီးပွားရေး နည်းလမ်းများဖြင့် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာနှင့် ပတ်သက်၍ တောင်ကိုးရီးယား အပါအဝင် နိုင်ငံများနှင့် နွေးထွေးသော ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်ကြောင်း၊ မြောက်ကိုးရီးယား အပေါ် အမေရိကန်သည်  စိတ်ရှည်ရှည် ဆက်လက် ထားရှိတော့မည် မဟုတ်ကြောင်း၊ သို့သော် အမေရိကန်၏ ရည်မှန်းချက်မှာ ကိုးရီးယား ကျွန်းဆွယ် အေးချမ်းတည်ငြိမ်ရေး အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

Moon Jae-inကတော့ တောင်ကိုးရီးယားနှင့် အမေရိကန် နှစ်နိုင်ငံ အစိုးရသည် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာ ရင်ဆိုင်ဖြေရှင်းရေးကို ထိပ်ဆုံးနေရာတွင် ထားမည်ဟု ဆုံးဖြတ်ခဲ့ပြီး နှစ်နိုင်ငံ၏ သက်ဆိုင်ရာ မူဝါဒ ချမှတ်ရေးနှင့် ပတ်သက်၍ နွေးထွေးသော ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်ကြောင်း၊ တောင်ကိုးရီးယားနှင့် အမေရိကန်တို့သည် အဆင့်ကာလခွဲပြီး ဘက်စုံသော နည်းလမ်းများဖြင့် မြောက်ကိုးရီးယား အပေါ် အရေးယူမှုနှင့် ဆွေးနွေးခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio