• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ရုရှား၊ ဂျာမဏီ၊ ဂျီ-၂၀ ခရီးစဉ် စတင်မည်

(GMT+08:00) 2017-07-03 10:17:47

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၃ ရက်နေ့က စပြီး ရုရှားနှင့် ဂျာမဏီနိုင်ငံသို့ ခရီးလှည့်လည်မည် ဖြစ်ပြီး ဂျာမဏီနိုင်ငံ၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တိုးတက်ရေး အခြေအနေသစ်ကို ဖန်တီပေးမည် ဖြစ်ကြောင်း၊ တရုတ်-ဂျာမဏီ ဆက်ဆံမှု၏ အနာဂတ် တိုးတက်ရေး အတွက် ရည်မှန်းချက်သစ်ကို ချမှတ်ပေးမည် ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွါးရေး အားကောင်းပြီး ဆက်တိုက် ဖွံ့ဖြိုးရေးနှင့် ညီမျှပြီး သက်ညှာထောက်ထားမှု ရှိစွာ တိုးတက်ရေးကို ဂျီ-၂၀တို့ လက်တွဲ တွန်းအားပေးခြင်းကိုလည်း အားသစ်လောင်းပေးမည် ဖြစ်ကြောင်း မကြာမီက ပြောကြားခဲ့ကြပါသည်။

ထို့ပြင် BRICS နိုင်ငံများအဖွဲ့၏ သဘာပတိနိုင်ငံ အဖြစ်ဖြင့် တရုတ်ပြည်ဘက်သည် ထုံးစံအတိုင်း ဂျာမဏီ ထိပ်သီးအစည်းအဝေး မတိုင်မီတွင် BRICS နိုင်ငံများ အလွတ်သဘော ထိပ်သီးအစည်းအဝေးကိုလည်း ကြီးမှူး ကျင်းပမည် ဖြစ်ပြီး ရှီကျင့်ဖိန်သည် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio