• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်၊ မကာအိုနှင့် ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများ ရှီကျင့်ဖိန်၏ မိန့်ခွန်းကို ချီးကျူး

(GMT+08:00) 2017-07-02 08:48:04

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ဟောင်ကောင် အမိ နိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ပဉ္စမ အကြိမ်မြောက် အစိုးရ တာဝန် ထမ်းဆောင်ရေး ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြား ခဲ့ကြောင်း၊ ဟောင်ကောင်၊ မကာအိုနှင့် ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများသည် စီအာအိုင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းကို ချီးကျူးကြကြောင်း၊ ၄င်းတို့်က အားကောင်းသော နောက်ခံကျောထောက် ဖြစ်သည့် အမိနိုင်ငံ ရှိသဖြင့် ဟောင်ကောင်၏ အနာဂတ်သည် ပိုမို သာယာလှပမည်ဟု အသီးသီး ဖေါ်ပြကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio