• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကယ်ရီ လမ် ချင်ယွယ်နို နှင့် တွေ့ဆုံ

(GMT+08:00) 2017-07-02 08:46:24

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့ နံနက်ပိုင်းက ဟောင်ကောင်၌ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ပဉ္စမမြောက် အုပ်ချုပ်ရေးမှူး အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် ကယ်ရီ လမ် ချင်ယွယ်နို နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထို့နောက် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ် ချင်ယွယ်နို လိုက်ပါလျက် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံရေး၊ ဥပဒေပြုရေးနှင့် တရားဥပဒေ ဌာနများမှ တာဝန်ခံ အဖြစ် စတင် ထမ်းဆောင်ကြသော ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio