• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဟောင်ကောင်ရှိ ဗဟိုအစိုးရ ရုံးဌာနများနှင့် လုပ်ငန်းဌာနများ တာဝန်ခံများနှင့် တွေ့ဆုံ

(GMT+08:00) 2017-07-01 08:42:37

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လွန်ခဲ့သည့်လ ၃၀ ရက်နေ့ ညနေပိုင်းက ဟောင်ကောင်ရှိ ဗဟိုအစိုးရ ရုံးဌာနများနှင့် လုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ဟောင်ကောင်ရှိ ဗဟိုအစိုးရ ရုံးဌာနများနှင့် လုပ်ငန်းကုမ္ပဏီများသည် အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးနှင့် အထူးအုပ်ချုပ်ရေးဒေသ အစိုးရ ဥပဒေနှင့်အညီ နိုင်ငံရေး စီမံခန့်ခွဲမှု အားပေးထောက်ခံရေး နယ်ပယ်နှင့် နှစ်ဖက်အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး နယ်ပယ်များတွင် ထင်ရှားသော အောင်မြင်မှုများ ရရှိပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio