• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဟောင်ကောင် လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-07-01 08:26:25

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လွန်ခဲ့သည့်လ ၃၀ ရက်နေ့ ညနေပိုင်းက ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ဟောင်ကောင် လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ဟောင်ကောင် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နှစ် ၂၀ အတွင်း တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုးသည် လက်တွေ့ကျ အောင်မြင်မှုများ ရရှိပြီ ဖြစ်ကြောင်း၊ ဗဟိုအစိုးရသည် တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုး မူဝါဒကို ဦးလည် မသုန် စွဲကိုင်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio