|
||||||||
|
|||||||||||||
တရုတ်ပြည် ကြည်လင်ပြည်နယ်နှင့် ကမ္ဘောဒီးယားတို့သည် ယခုလ ၂၉ရက်နေ့က ဖနွမ်းပင်မြို့တော်တွင် စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်ပွဲကို ပူးတွဲ ကျင်းပပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။
ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ H.E.EX Sam Ol၊ တရုတ်ပြည် ကြည်လင်ပြည်နယ် အစိုးရ ဒုအုပ်ချုပ်ရေးမှူး ကျင်ယွိဟွေ၊ ကမ္ဘာဒီးယား နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ စီးပွားကုန်သွယ်ရေး သံမှူး လီအန့်နှင့် နှစ်နိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ အပါအဝင် လူ ၂၀၀ခန့်သည် ၄င်းစာချုပ်များ လက်မှတ်ရေးထိုး ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
|