• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

CEPAစာချုပ်များ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင် ချုပ်ဆို

(GMT+08:00) 2017-06-30 14:53:12

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မကြာခင်က ပြည်မကြီးနှင့် ဟောင်ကောင်တို့ ချုပ်ဆိုခဲ့သော CEPAရင်းနှီးမြှုပ်နှံရေး သဘောတူစာချုပ်နှင့် CEPAစီးပွားရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်သည် ပြည်မကြီး နှင့်ဟောင်ကောင် အကြား စီးပွားကုန်သွယ်မှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးတစ်ဆင့်တိုးမြင့်ရန် အတွက် အကျိုးရှိကြောင်း ယခုလ ၂၉ရက်နေ့က ပြောကြားသည်။

ယခုနှစ်သည် အမိရင်ခွင်သို့ ဟောင်ကောင် ပြန်လည်ဝင်ရောက်ခဲ့သည့် နှစ်၂၀ပြည့် မြောက်နှစ်ဖြစ်ကြောင်း၊ "ပြည်မကြီးနှင့် ဟောင်ကောင် အကြား ပိုမိုနွေး ထွေးသော စီးပွား ကုန်သွယ်ရေး ဆက်ဆံမှု တည်ဆောက်ရေး ဆိုင်ရာ အစီအစဉ်များ" (CEPA)မှ အထက်ပါ စာချုပ်၂ခုကို မကြာခင်က ဟောင်ကောင်တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ CEPA ရင်းနှီးမြှုပ်နှံရေး သဘောတူစာချုပ်သည် CEPAမှ သဘောတူစာချုပ်သစ် တစ်ခု ဖြစ်ပြီး ရင်းနှီးမြှုပ်နှံရေး ပြုလုပ်ရန် သတ်မှတ်ထားသည့် သက်ဆိုင်ရာ စံနှုန်းများ၊ ရင်းနှီးမြှုပ်နှံမှု ထိန်းသိမ်းကာကွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး စသည့် အချက်အလက်များ ပါဝင်ကြောင်း၊ ၄င်းစာချုပ်သစ်သည် နိုင်ငံတကာ စည်းမျဉ်းဥပဒေများနှင့် ညီညွတ်ပြီး ပြည်မကြီးနှင့် ဟောင်ကောင်၏ ဝိသေသ ထူးခြားချက်များနှင့် ကိုက်ညီကာ တံခါးဖွင့်မှု အဆင့်တိုးမြှင့်၍ ပြည်မကြီးနှင့် ဟောင်ကောင် အကြား စီးပွားကုန်သွယ်မှု ကူးလူး ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် စနစ်အရ ပိုမိုများပြားသည့် အာမခံမှု ပေးမည် ဖြစ်ကြောင်း သိရသည်။

   Webradio