• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန် ဟောင်ကောင်သို့ ရောက်ရှိပြီး စစ်ဆေးကြည့်ရှု

(GMT+08:00) 2017-06-30 14:52:35

ယခုလ ၂၉ရက်နေ့ နေ့လယ်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌနှင့် ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် အထူးလေယာဉ်ဖြင့် ဟောင်ကောင် နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

လေဆိပ်တွင် မိန့်ခွန်းပြောကြားရာ၌ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗဟို အစိုးရသည် ဟောင်ကောင်၏ ဖွံ့ဖြိုးတိုးတက်မှုကို ယခင်ကလို တလျှောက်လုံး အားပေးထောက်ခံမည် ဖြစ်ကြောင်း၊ ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ စီမံအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေး လုပ်ငန်းဌာနများမှ တာဝန်ခံ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနှုတ်ဆက်ရာ ဟောင်ကောင် တွင် "တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး"၏ အောင်မြင်သော လက်တွေ့ဖော်ဆောင်မှုများကို လွန်စွာ ချီးကျူးကြောင်း၊ ဟောင်ကောင်လူငယ်များကို ဦးဆောင်ပြီး တိုင်းချစ်ပြည်ချစ်၊ ဟောင်ကောင်ချစ် အစဉ်အလာကို ဆက်ခံရန် မျှော်လင့်ကြောင်း ပြောကြားသည်။ အနောက်ပိုင်း အမှတ် ၉ ယဉ်ကျေးမှု ရပ်ကွက်တွင် စစ်ဆေးကြည့်ရှုရာ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဟောင်ကောင်သည် တရုတ် အမျိုးသား၏ ထူးချွန်ကောင်းမွန်သော ရိုးရာ ယဉ်ကျေးမှုကို ပြန့်ပွားစေပြီး ပြည်မကြီးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

 

   Webradio