• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်းယန်သည်၊ ရုရှားဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-06-30 12:17:24

      တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ဝမ်းယန်သည်၊ ယခုလ ၂၉ ရက်နေ့က ပီကင်း တျောက်ယွီထိုင်-နိုင်ငံတော်ဧည့်ဂေဟာ၌၊ ရုရှားနိုင်ငံဒု ဝန်ကြီးချုပ် ထရူတနက်ဗ် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ ဝမ်းယန်က တရုတ်အရှေ့မြောက်ပိုင်းဒေသနှင့် ရုရှား အရှေ့ဖျားနှင့် ဘေဂါလ်ဒေသများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေး သည်၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့မှ ရရှိခဲ့သော အရေးကြီးသဘောတူညီမှုဖြစ် ရုံသာမက၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၏ မဟာဗျူဟာဦးတည်ချက်တစ်ရပ်လည်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထရူတနက်ဗ်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအောင်မြင်မှုများအပေါ် တန်ဖိုးထား ချီးကျူးပြီး၊ တရုတ်ပြည်သည်၊ ရုရှားအရှေ့ဖျားဒေသ၏ ပထမအကြီးဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရေးကြီးနိုင်ငံဖြစ်ကြောင်းပြောကြားခဲ့ သည်ဟု သတင်းအရသိ ရသည်။

   Webradio