• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချမ်ဝမ့်ချွမ်သည်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-06-30 12:15:48

      တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ချမ်ဝမ့်ချွမ်သည်၊ ယခုလ ၂၉ ရက်နေ့က ပီကင်းတွင် တရားဝင်ခရီးလှည့်လည်နေသော ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ကာယယ်တာနိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ချမ်ဝမ့်ချွမ်က၊ ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် သမ္မတဒူတာတေးတို့ ၏ အတူတကွဦးဆောင်မှုဖြင့်၊ တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုသည်၊ ဘက်စုံကောင်းမွန်လာ ရုံသာမက ပိုမိုကြီးမားသော တိုးတက်မှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကာယယ်တာနိုက၊ ဖိလစ်ပိုင်အနေနှင့်၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာကိစ္စရပ်များတွင် တရုတ်ပြည်နှင့် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့် ဆောင်ရွက် ပြီး၊ နှစ်ဖက်ဆက်ဆံမှုအဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသွားလိုကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio