• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၁ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ် ကျင်းပပြီးစီး

(GMT+08:00) 2017-06-30 10:08:22

        ၃ ရက်ကြာ ကျင်းပခဲ့သော ၁၁ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ်ကို ယခုလ ၂၉ ရက်နေ့က တရုတ်ပြည် တာ့လျန်မြို့၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ နိုင်ငံနှင့် ဒေသ ၉၀ ကျော်မှ ကိုယ်စားလှယ် ၂၀၀၀ ကျော်တို့သည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း၊ စီးပွားရေး မျှဝေမှု၊ သိပ္ပံနည်းပညာသစ် အသုံးပြုမှုစသည့် ခေါင်းစဉ်များနှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်မှာ "စတုတ္ထအကြိမ် စက်မှုတော်လှန်ရေးတွင် သက်ညှာထောက်ထားမှုရှိသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရေး" ဖြစ်သည်။

   Webradio