• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

AIIBနှင့် ပူးပေါင်းဆောင်ရွက်ရေး အပေါ် အကောင်းဘက်မှ မြင်ဟု EIBဆို

(GMT+08:00) 2017-06-29 15:49:55

ဥရောပ ရင်းနှီးမြှုပ်နှံရေးဘဏ်(EIB) ဥက္ကဋ္ဌ Werner Hoyerက အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်(AIIB)နှင့် EIBသည် စီမံခန့်ခွဲရေး ကြံဆချက်၊ လုပ်ငန်း၏ လုပ်ကိုင်ဆောင်ရွက်ရေး ပုံစံစသည့် နယ်ပယ်များတွင် နီးစပ်ကြောင်း၊ နှစ်ဖက် အကြား နွေးထွေးသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် အပေါ် ယုံကြည်မှု အပြည့်အဝရှိ ကြောင်း ယခုလ ၂၇ရက်နေ့က ပြောကြားသည်။

ထိုနေ့က Hoyerသည် ဥရောပ သမဂ္ဂ ဆိုင်ရာ သတင်းထောက်များ အတွက် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်သည်။ ၄င်းက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ တရုတ်ပြည်၏ Belt and Road အဆိုပြုချက်ကို များစွာ ချီးကျူးကြောင်း၊ တရုတ်ပြည်က တင်ပြထားသော Belt and Road အဆိုပြုချက်တွင် မတူခြားနားသည့် နည်းလမ်းဖြင့် အပြန်အလှန် ဆက်ဆံမှု ပြုလုပ်ရန် ခံယူထားကြောင်း၊ ယင်းသည် ဥရောပ သမဂ္ဂနှင့် အခြား ဒေသများ အတွက် ဖြေရှင်းရေး နည်းလမ်းများ ပေးပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပုံစံကို ပြောင်းလဲစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေနှင့် Belt and Road အဆိုပြုချက်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် နေကြောင်း ပြောကြားသည်။

EIBသည် တရုတ်ပြည်နှင့် နွေးထွေးသော ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု အစဉ်တစိုက်ထားရှိကြောင်း၊ ၁၉၉၅ခုနှစ်က EIBသည် တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံမှုကို စတင် ပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ်တွင် တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယူရိုငွေ သန်းပေါင်း ၅၀၀ရှိရန် ရည်ရွယ်ထားပြီး အဓိကအားဖြင့် သစ်တောလုပ်ငန်း၊ စွမ်းအင် အကျိုးသက်ရောက်မှု လုပ်ငန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း အပါအဝင် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ရေးနှင့် ပတ်သက်သော လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံထားကြောင်း သိရသည်။

   Webradio