• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ၂၀၁၇ခုနှစ် နွေရာသီ ဒါဗို့စ်ဖိုရမ်သို့ တက်ရောက်ကြသည့် နိုင်ငံတကာ စက်မှုကုန်သွယ်မှုနယ်ပယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-06-29 15:49:00

       တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၈ ရက်နေ့ နံနက်ပိုင်းက တာ့လျန်မြို့ရှိ နိုင်ငံတကာအစည်းအဝေးစင်တာ၌ ၂၀၁၇ခုနှစ် နွေရာသီ ဒါဗို့စ်ဖိုရမ်သို့ တက်ရောက်ကြသည့် နိုင်ငံတကာ စက်မှုကုန်သွယ်မှုနယ်ပယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ကမ္ဘာ့စီးပွားရေးဖိုရမ်ဥက္ကဋ္ဌ Klaus Schwabနှင့် နိုင်ငံဖြတ်ကျော်သော ကော်ပိုရေးရှင်းကြီး ၂၀၀ ကျော်မှ ခေါင်းဆောင်များသည် ယင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ "၂၀၂၅ခုနှစ် တရုတ်က ထုတ်လုပ်သည်ဖြစ်ခြင်း"၊ အသေးစားနှင့်အလတ်စားလုပ်ငန်းကုမ္ပဏီများ ဖွဲ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု အလွယ်တကူ ဆောင်ရွက်နိုင်ရေး၊ Internet+ စသည့် ပြဿနာများနှင့်ပတ်သက်ပြီး ဖလှယ်ခဲ့ကြောကာင်း၊ ဝန်ကြီးချုပ်လီခေ့ချန်သည် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေဆိုခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio